လုံးစုံမျာစွာသတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ ကြောက်တတ်မကြောက်တတ်နှစ်ရပ်များစွာသတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ မြင်အပ်မမြင်အပ်နှစ်ရပ်များစွာသတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပါဒ်ရန်ဘေးကင်းစဉ်ဝေးငြိမ်းအေးကြပါစေ ဝေးနေနီးနေနှစ်ထွေများစွာသတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေဘဝဇာတ်ဆုံးမဆုံးများစွာသတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေရှည်တိုအလတ်သုံးရပ်ခန္ဓာသတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေကြီးငယ်အလတ်သုံးရပ်ခန္ဓာသတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေဆူကြုံအလတ်သုံးရပ်ခန္ဓာသတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပါဒ်ရန်ဘေးကင်းစဉ်ဝေးငြိမ်းအေးကြပါစေလူအချင်းချင်းလှည့်ပတ်ခြင်းကင်းရှင်းကြပါစေဆင်းရဲသူခြင်းအချင်းချင်းကင်းရှင်းကြပါစေအထင်သေးခြင်ူအချင်းချင်းကင်းရှင်းကြပါစေ



Sunday, October 28, 2018

LONGING လူတို့သည် မိမိဘဝအတွက် တေင်းတ ခြင်းလေးမျိုးကို တောင်းတမြဲဖြစ်သည် ထိုလေးမျိုးတို့တွင် ပထမတောင်းတချက် မှာအိမ်ရာတည်ထောင်လိုခြင်းဖြစ်သည် ယင်းကို " ကာမ "ဟူခေါ်သည် လူသည် ကာမ အရအထီးကျန်မနေလို ဘဲချစ်ရသော ဇနီး ချစ်ရသောခင်ပွန်း ချစ်ရသောသားသမီး ချစ်ရသော အသိုင်း အဝန်းနှင့် နေလို၏ ထိုသို့နေလိုသည့် အတိုင်း နေရအောင် အားထုတ်၏ ထိုသို့ အားထုတ်သော်လည်း အားထုတ် သည့်အတိုင်းဖြစ်ချင်မှဖြစ်၏ အကယ်၍ မဖြစ်လျှင်လည်း ဖြစ်လိမ့်နိုးနိုး မျှော်ကိုး ချက်ဖြင့် မိမိ၏ဘဝ ပျက်သုဉ်းမသွားစေ ရန်ဆက်၍ ဆက်၍ ကြိုးစာ၏ ဒုတိယ တောင်းတချက်မှာ စီးပွားဥစ္စာ ပြည့်စုံလိုခြင်းဖြစ်၏ ယင်းကို အတ္တ ဟူ၍ ခေါ်၏ လူသည် အတ္တ အရ ချို့ချို့ ငဲ့ငဲ့ မနေလိုဘဲ မိမိ၏ ဘဝအတွက် စီးပွားဥစ္စာနှင့် ပြည့်စုံလို၏ ပြည့်စုံလို သည့်အတိုင်း ပြည့်စုံအောင်အားထုတ်၏ အကယ်၍ မပြည့်စုံသေးလျှင်လည်း ပြည့်စုံအောင် ဆက်၍ဆက်၍အားထုပ် ၏ပြည့်စုံလျှင်လည်းပြည့်စုံသည်ထက် ပြည့်စုံအောင် အားထုတ်အား၏ သို့ရာတွင် မည်မျှပင် ပြည်စုံစေကာမူ ဘဝအတွက် ပြည့်စုံပြီဟူ၍ အားရ ကျေနပ်ခြင်းမရှိဘဲ ပို၍ပို၍ ပြည်စုံစေရန် ဆက်၍ဆက်၍အားထုတ်ပြန်၏ ထိုသို့ အားထုတ်သော်လည်း လူ၏တောင်းတ ချက်ကား ပြည့်စုံပြီဟူ၍ မည်သည့်အခါ မျှမရှိ လိုမြဲ လိုနေသည်သာဖြစ်လေ၏ တတိယ တောင်းတချက်မှာ ဓမ္မနှင့်အညီ ကျင့်သုံးနေထိုင်လိုခြင်းဖြစ်သည် လူသည် လေက၌ ကမ အရ အိမ်ရာ တည်ထောင်ရုံမျှနှင့်လည်းမပြီး အတ္တ အရ စီးပွားဥစ္စာ ရှာဖွေရုံမျှနှင့်လည်းမပြီး အမှန်အားဖြင့် ဓမ္မ နှင့်အညီနေထိုင်ဖို့ လည်းလိုသေးသည် ထို့ကြောင့် ကာမ အရ အိမ်ရာတည်ထောင်ရာ၌ဖြစ်စေ အတ္တ အရ စီးပွားဥစ္စာကိုရှာဖွေရာ၌ဖြစ် စေ အဓမ္မနည်းကို သုံးချင် သုံးမိမည်ဖြစ် သော်လည်း မူရင်းဗီဇ စိတ်ဓာတ်အရဓမ္မ ဓမ္မနှင့်အညီကျင့်ကြံ အားထုတ်လိုသည် ကတော့အမှန်ပင်ဖြစ်သည် ထိုကြောင့် ဓမ္မနှင့်အညီနေထိုင်ကျင့်သုံးနိုင်အောင် အားထုတ်ခြင်းသည်လည်း တောင်းတချက်လေးမျိုးတွင်တစ်မျိုးဖြစ် သည် ဓမ္မနှင့်အညီ ကျင့်ကြံနေထိုင်ရုံနှင့် မကျေနပ်သေးဘဲ လူသည် လွပ်လပ်မူ ကိုတောင်းတပြန်၏ ယင်းကို မောက္ခ ဟူ၍ခေါ်၏ ဤလေးမျိုးမှာဘဝအတွက် တောင်းတချက်များဖြစ်ကြ၏ လူသည် အသက်ရှင်၍ ဘဝကိုတည်ဆောက်နေ သမျှကာလပတ်လုံး ဤတောင်းတချက် လေးမျိုးကိုတောင်းတနေမည်သာဖြစ်၏ အမှန်အားဖြင့် ဤတောင်းတချက် လေးမျိုးမှာ ပုထုဇဉ်လူသားတို့၏ တောင်းတချက်များသာဖြစ်ကြသည်။ ကျမ်းကိုး ဗုဒ္ဓ=လောကသားတို့၏ အနိုင်းမဲ့ကျေးဇုးရှင် နိဒါန်းမှ N A Y https://naydhabut.blogspot.com/?m=0
စွဲလမ်းခြင်း ဥပါဒါန် THINK စွဲလမ်းခြင်း ဥပါဒါန် ( Think )သည် ပတ်ဝန်းကျင်အရ စွဲလမ်းခြင်း လူတန်းစား အမြင်အရ စွဲလမ်းခြင်း ယဉ်ကျေးမူဓလေ့ အရ စွဲလမ်းခြင်း မွေးရာပါ ဉာဉ်အရ စွဲလမ်းခြင်းဟူ၍ လေးမျိုးးရှိ၏ ပတ်ဝန်းကျင်အရ စွဲလမ်းခြင်းဟူသည် လူတို့သည် မိမိတို့၏ ပတ်ဝန်းကျင်ကို မလွဲသာမရှောင်သာမြင်ကြရ၏ ကြည့်ကြရ၏ လူတို့၏ ပတ်ဝန်းကျင်တွင် မျက်မြင် လက်တွေ့အားဖြင့် လူများလည်းရှိ၏ တိရစ္ဆာန်များလည်း ရှိ၏ သက်မဲ့အရာဝတ္ထုများလည်းရှိ၏ ဤသည်မှာ မည်သူကပင် ကြည့်ကြည့် ထို့သို့ အာရုံများအနေဖြင့် မြင်နိုင် လောက်သော အရာဝတ္တုများဖြစ်သည် ပတ်ဝန်းကျင်တွင် မြင်နိုင်သောမြင်စရာ များအပြင် ကြားနိုင်သော ကြားစရာများ လည်းရှိ၏ နမ်းနိုင်သော နမ်းစရာများ လည်းရှိ၏ စားနိုင်သော စားစရားများ လည်းရှိ၏ ထိတွေ့နိုင်သော ထိတွေ့စရာ များလည်းရှိ၏ တွေးခေါ်မြော်မြင်နိုင် သော တွေးခေါ်မြော်မြင်စရာများလည်း ရှိ၏ ဆိုခဲ့သောအာရုံများကို အမျိုးအစား အားဖြင့် ခွဲလိုက်လျှင် ခြောက်မျိုးရ၏ ထိုအာရုံခြောက်မျိုးကို လူတို့၏ပတ်ဝန်း ကျင်ဟူ၍ဆိုရ၏ ထိုပတ်ဝန်းကျင်သည် လူတို့အနေဖြင့် လေကကို ကြည့်ရာ၌ ဖြစ်စေ မြင်ရာ၌ဖြစ်စေ လူတို့၏ အသိ အပေါ် များစွာပြဋ္ဌာန်း၏ ပတ်ဝန်းကျင် အလိုက် သိလာအောင် များစွာဖိအားပေး ၏ ထို့ကြောင့်ပတ်ဝန်းကျင်ကို တပ်မက် တတ်သော လောဘနှင့် တပ်မက်စရာ အရာဝတ္တုများကိုဆိုလို၏ သဘာဝသစ္စာအရဆိုလျှင် ပတ်ဝန်းကျင် သည် အားလုံးတပ်မက်စရာချည်းမဟုပ် ပတ်ဝန်းကျင်တွင် တပ်မက်စရာလည်း ပါ၏ တပ်မက်စရာပါလျှင် လောဘဖြင့် တပ်မက်၏ မုန်းတီးစရာလည်းပါ၏ မုန်းတီးစရာပါလျှင် ဒေါသဖြင့် မုန်းတီး၏ တွေဝေစရာလည်းပါ၏ တွေဝေစရာပါ လျှင် မောဟဖြင့်တွေဝေ၏ ထို့ကြောင့် ပတ်ဝန်းကျင်သည် အဘက်ဘက်မှအား လုံးတပ်မက်စရာချည်းမဟုပ်ဟူ၍ဆိုရ ခြင်းဖြစ်သည် သို့ရာတွင် ထိုအဆိုသည် သဘာဝသစ္စာအရသာ မှန်သောအဆို ဖြစ်သည် အရိယသစ္စာအရဆိုလျှင် ပတ်ဝန်းကျင် တစ်ခုလုံးသည် လောက ၏အာရုံအနေဖြင့် တပ်မက်စရာချည်း ဖြစ်သည် N A Y ကျမ်းကိုး•••••ဗုဒ္ဓ လောကသားတို့၏ အနိုင်းမဲ့ကျေးဇူးရှင်( ကိုယ့်ကျင့်ဗုဒ္ဓဝင်)